Thursday, August 26, 2010

သေခြင်းတရား

۩۩۩
သေခြင်းတရားအကြောင်း
ပြောဆိုတာလောက်မင်္ဂလာရှိတာ
လောကမှာမရှိတော့ပါဘူး။
သေခြင်းတရားအကြောင်း
တွေးတောခြင်းဟာလည်း
လောကမှာကျက်သရေအရှိဆုံးပါပဲ။
ဘာလို့လဲဆိုတော့ သေခြင်းတရားကို
အမှတ်ထင်ထင်သတိရနေမှသာ
မသေခင်အခိုက်အတန့်ကာလလေးကို
လုပ်သင့်လုပ်ထိုက်တဲ့အလုပ်
အလုပ်သင့် အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့
တန်ဖိုးရှိရှိအသုံးချသွားနိုင်မှာဖြစ်လို့ပါပဲ။

۩۩۩

အလုပ်ပိုတွေ
အကာအလုပ်တွေကို
အတတ်နိုင်ဆုံးရှောင်ရှားပြီး
အလုပ်လိုတွေ
အနှစ်အလုပ်တွေကို
အစွမ်းနိုင်ဆုံးဆောင်ပွားနိုင်ဖို့
သေခြင်းတရားကို
မဖြစ်မနေသတိရသင့်ပါတယ်။

۩۩۩

သေခြင်းတရားကိုသတိရအောက်မေ့တာ
သေခြင်းတရားကိုဆင်ခြင်ပွားများတာဟာ
စိတ်ညစ်ဖို့၊ စိတ်ဓါတ်ကျဖို့မဟုတ်ပါဘူး
စိတ်ခိုင်ဖို့၊ စိတ်ဓါတ်မြှင့်တင်ဖို့ပါ။

အရှင်ဆန္ဒာဓိက

0 comments:

Post a Comment