Tuesday, August 17, 2010

အလုပ်သမားအရေး ဝိုင်းဆွေးနွေး

ယနေ့(17-08.2010) ရက်နေ့ မနက်(၀၉း၃၀)နာရီအချိန်မှာ အဝေးရောက်ဧရာဝတီအသင်းတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပါတ်သက်သည့်အရေးကိစ္စများကို ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။
မိမိတို့နာရေးကူညီမှုအသင်းအဖွဲ့ဝင်များအပြင်၊ MAP ဖောင်ဒေးရှင်း၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ ဥတ္တမဖောင်ဒေးရှင်း၊ မြန်မာအလုပ် သမား များ ကွန်ယက်၊ ရခိုင်အလုပ်သမားသမဂ္ဂ၊ အဝေးရောက်ဧရာဝတီအသင်း၊ လူ့ဘောင်သစ်ပါတီ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် MAP ဖောင်ဒေးရှင်းမှ သုတေသနအရာရှိ မစ္စတာ ဂျက်(ဖ်) တို့တက်ရောက်ကြပါသည်။ ရှေးဦးစွာ တစ်ဦးတစ်ယောက်ချင်း မိတ်ဆက်ကြ၍ အဖွဲ့တစ်ဖွဲ့ချင်း၏ ဆောင်ရွက်ချက်များကို ပြောကြားကြပါသည်။ အလုပ်သမားများ၏အခြေအနေ၊ အခွင့်အရေး၊ အလုပ်အကိုင်ရရှိရေး၊ လုံခြုံရေးနှင့် အထွေထွေဗဟုသုတ ရရှိရေးများအား အပြန်အလှန်ဆွေးနွေးကြပါသည်၊ ယ္ခု အဓိကဆွေးနွေးရခြင်း အကြောင်းအရင်းမှာ အဖွဲ့တစ်ဖွဲ့နှင့်တစ်ဖွဲ့အမြဲ Connect ဖြစ်နေစေရန်နှင့် အလုပ်သမားများ၏ အရေးကိစ္စများအား ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်၊ ဆွေးနွေးပွဲကို MAP ဖောင်ဒေးရှင်းမှ ဦးစီးဆောင်ရွက်ခြင်းဖြစ်ပါသည်၊ နေ့လည်(၁၂း၁၅)မိနစ်တွင် ဆွေးနွေးပွဲကို ကျင်းပပြီးစီးခဲ့ပါသည်။ တက်ရောက်လာကြသော အသင်းအဖွဲ့များမှကိုယ်စားလှယ်များအားအဝေးရောက်ဧရာဝတီအသင်းမှ
နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ပါသည်။

မောင်မင်း

0 comments:

Post a Comment