Friday, December 3, 2010
Wednesday, October 27, 2010
Monday, October 18, 2010
ဒီလိုမျိုးလဲ ဖြစ်တတ်ပါတယ်
ပြောရပြန်ရင် ကိုယ့်ပေါင် ကိုယ်လှန်ထောင်းဆိုတဲ့အတိုင်းပဲ ပြောလဲပြောမှရမှာမို့ပါဗျာ
မနေ့က အလှူတစ်ခုအပြီးမှာ ဖုန်းလာတယ်ကျောင်းသားဆေးခန်းမှာနာရေးတစ်ခုရှိတယ်ဆိုလို့ အသင်းဝင်တွေချက်ချင်းပဲ ထပြေးကြတာပေါ့ဗျာ၊ နာရေးရှင်က တစ်ယောက် သူကပြောတယ်ကွယ်လွန်တဲ့သူက သူ့ခယ်မတဲ့ အမည်ကဘယ်သူ မိဘအမည်ကဘယ်သူစသဖြင့်ပေါ့ ပြောပြပါတယ် ပြီးတော့ သူတို့ဆွေမျိုးတွေကိုစောင့်ပါရစေဆိုတော့ ကျွန်တော်တို့တွေလဲညှိနှိုင်းပြီးတော့ တောရကျောင်းဟောင်း(ဘုန်းကြီးကျောင်း)မှာသွားထားရတာပေါ့ ဒါပေမယ့်ဗျာ ညရောက်တော့လာစောင့်အိပ်ပေးတဲ့ ပြည်သူ့စေတနာဝန်ထမ်းအသင်းက အဖွဲ့ဝင်တွေ ဖုန်းဆက်လာတယ် နာရေးရှင်မရှိတော့ဘူးတဲ့ ထမင်းစားသွားမယ်ဆိုပြီးထွက်သွားပြီးတော့ပြန်မလာတော့ဘူးတဲ့ အဲဒါနဲ့ နောက်နေ့ကျတော့ ကျွန်တော်တို့အဖွဲ့ဝင်တွေလဲ သူ့ရဲ့စကားအသွားအလာတွေကိုသုံးသပ်ပြီး ဖြစ်နိုင်မယ့်နေရာတွေကိုသွားစုံစမ်းတော့ တွေ့တာပေါ့ အဲဒီမှာ ဒေါသဖြစ်နေတဲ့ အသင်းဝင်တွေလဲရှိတာပေါ့ဗျာ အဲဒါ သူ့ကိုမေးကြည့်တဲ့အခါကျတော့ ကွယ်လွန်သူဟာ သူ့ခယ်မ မဟုတ်ပါဘူး သူ့မိန်းမ(မယားငယ်)ပါ ဘယ်လိုအကြောင်းကြောင့်ကျွန်တော်တို့အဖွဲ့ကို အခုလိုလိမ်ညာခဲ့တယ်ဆိုတာကိုတော့ ကာယကံရှင်သာအသိဆုံးဖြစ်ပါလိမ့်မယ် ဘယ်လိုဘဲဖြစ်ဖြစ်ပါ ကိုယ့်မြန်မာပြည်သားတစ်ယောက် တိုင်းတစ်ပါးမှာသေဆုံးသွားရတဲ့အတွက် ကောင်းကောင်းမွန်မွန်မြေကျသွားအောင်
လုပ်ပေးရမှာပဲဆိုတဲ့စိတ်မျိုးနဲ့ပဲငွေလုံလုံလောက်လောက်မရှိတဲ့ကြားထဲက ဒီနာရေးကိုပြီးမြောက်အောင်ဆောင်ရွက်ပေးခဲ့ပါတယ်အဲဒါကိုပြောပြချင်တာပါ နာရေးကူညီမှုအသင်း(မဲဆောက်)ဆိုတာ ဒီလိုမျိုးကိုယ့်မြန်မာပြည်သားတွေရဲ့အခက်အခဲကို ကူညီချင်လို့မိတ်ဆွေတွေ စုစည်းပြီး ဖွဲ့စည်းထားတာပါ အသင်းရည်ရွယ်ချက်မှာရေးထားတဲ့အတိုင်း အမှန်တစ်ကယ်လိုအပ်တဲ့သူအတွက်ဆိုရင် အစစ အခမဲ့ဆောင်ရွက်ပေးခဲ့ရတာပါ ဒါဟာဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့မှာ ဘယ်အသင်းအဖွဲ့ကမှ ပုံမှန်ထောက်ပံ့နေတဲ့ ရန်ပုံငွေမရှိပါဘူး အဲဒီအတွက်ရန်ပုံငွေချို့တဲ့စွာနဲ့ ရပ်တည်နေရတာပါ ဒါပေမယ့် ကျွန်တော်တို့ ဓလေ့ထုံးစံအတိုင်းဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပေးခဲ့ပါတယ် ပြီးတော့အစောကြီးကတည်းကကျွန်တော်တို့မေးပါတယ် တတ်နိုင်သလား မတတ်နိုင်ဘူးလား မတတ်နိုင်ရင်လဲ အကျဉ်းချုံးပြီးလုပ်ရမယ်လေ ငွေကအများကြီးမှ မရှိဘဲနာရေးရှင်က အစကတည်းက မတတ်နိုင်ဘူးဆိုရင် ကျွန်တော်တို့က ကျောင်းသားဆေးခန်းကနေ တစ်ခါတည်း သုဿန်ကို သွားမယ်လေဒါဆို ကားခနဲ့ သုဿန်ခလောက်ပဲ ကျမှာပေါ့ ခုတော့ ဆွေမျိုးတွေကို စောင့်ချင်သေးတယ်ဆိုတော့ ဘုန်းကြီးကျောင်းမှာ ဇရပ်ငှားခတို့ မပုပ်အောင်ဆေးထိုးခတို့တွေက ပိုကုန်ရပြီပေါ့ အခုအဖြစ်အပျက်မှာကြတော့ ကျွန်တော်တို့ကိုဆက်သွယ် အကြောင်းကြားလာတဲ့သူကမိန်းမမီးဖွားတဲ့အချိန်မှာလဲ မထောက်ပံ့တာဝန်မယူဘဲပစ်ထားတော့ မီးဖွားခါစ မိန်းမက အားနည်းပြီးရောဂါပေါင်းစုံဝင်ပြီး အသည်းရောင်အသားဝါ ငှက်ဖျားအပါအ၀င် ရောဂါပေါင်းမြောက်များစွာနဲ့ သေဆုံးခဲ့တာပါ ပြီးတော့ သေတာတောင် တာဝန်မဲ့စွာ ပေါက်တက်ကရတွေဇာတ်လမ်းဆင်ပြီး ဒီလိုလုပ်ခဲ့တာပါအဲလိုဖြစ်တဲ့အခါကျတော့ စေတနာနဲ့ဆောင်ရွက်ပေးနေကြတဲ့ ကျွန်တော်တို့အဖွဲ့ဝင်တွေမှာ စိတ်အနှောင့်အယှက်ဖြစ်တာပေါ့ဗျာ လုပ်ထားသမျှ ကုသိုလ်စိတ်တွေဒေါသစိတ်ကြောင့်လျော့နည်းကုန်မှာပေါ့ အဲလိုမဖြစ်သင့်ပါဘူးဗျာ ပွင့်ပွင့်လင်းလင်း ကိုယ့်ရဲ့အခက်အခဲကိုတင်ပြပါလို့ပြောထားပြီးသားပါ။ဒါကြောင့်ဒီဆောင်းပါးကိုဖတ်ဖြစ်တဲ့ မြန်မာပြည်သားများ မိမိတို့ လက်လှမ်းမှီရာပါတ်ဝန်းကျင်မှာရှိတဲ့
မိတ်ဆွေတွေကိုပြောပြပေးစေချင်ပါတယ်ဒီအသင်းဟာဒီလိုလုပ်နေတာပါ တတ်နိုင်တဲ့သူတွေဆိုရင် အသင်းက ဦးဆောင်ပြီးဆောင်ရွက်ပေးပါတယ် ကုန်ကျမယ့်ပစ္စည်းတွေ ကာယကံရှင်က ကိုယ်တိုင်ဝယ်တယ်နဲနဲပဲတတ်နိုင်ရင်ဒီထက်ကုန်ကျမဲ့ ငွေကို အသင်းကခံပါတယ် လုံးဝမတတ်နိုင်တဲ့သူက ဆက်သွယ်လာပြီး လုံးဝမတတ်နိုင်ကြောင်းတင်ပြပြီး အပ်လာရင်တော့လုံးဝ အခမဲ့လုပ်ပေးပါတယ် အဲဒီတော့ အများအကျိုးကို ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေကြတဲ့သူတွေကို အနှောင့်အယှက်မဖြစ်ရလေအောင် ပွင့်ပွင့်လင်းလင်းပြောကြပြီး မြန်မာပြည်သားများရဲ့အရေးကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြပါစို့ ဆန္ဒပြုရင်း

အနုဇာတ မွေခံထိုက်သူ
ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ် ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။(၁) ကျွေးမွေးမပျက် ဟူသည် အသက်အရွယ်ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမည်ဟု ဆိုလိုပါသည်။
(၂) ဆောင်ရွက်စီမံ ဟူသည် အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့၏ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက်တာဝန်ယူရမည်ဟု ဆိုလိုသည်။
(၃) မွေခံထိုက်စေ ဟူသည် မိဘတို့၏ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက် လက်ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။
(၄) လှူမျှဝေ၍ ဟူသည် တမလွန်ဘ၀သို့ ကွယ်လွန်ပြောင်းရွှေ့သွားကြသော မိဘ တို့အားရည်စူး၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်းပေးဝေရမည်ဟု ဆိုလိုသည်။
(၅) စောင့်လေမျိုးနွယ် ဟူသည် မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဟု ဆိုလိုသည်။ စောင့်လေမျိုးနွယ်းဆိုရာတွင် မိမိတို့မျိုးဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဟူသောမျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမည်။
မနေ့ကအောက်တိုဘာ (၁၅) ရက်နေ့မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(မဲဆောက်)မှအဖွဲ့ဝင်ဖြစ်ကြတဲ့အောင်မြင်တဲ့
ပြည်သူချစ်တဲ့အနုပညာရှင်များဖြစ်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့မှကိုကြယ်သီး၏ ချစ်လှစွာသော ဘခင်ကြီး ဦးသန်းစိန်(ခ) ဦးသန်းကျော်ဦး (စန္ဒာဦးယဉ်ကျေးမှု ကဇာတ်) ကွယ်လွန်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကွယ်လွန်သူဘခင်ကြီးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်(၅)ပါးကို ဆွမ်းကပ်လှူဒါန်း ခြင်းကို မိတ်ဆွေကောင်း စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ပါတယ် ဆွမ်းကပ်ပြီးတော့ ကိုကြယ်သီးက နာရေးအဖွဲ့ကို နာရေးတံဆိပ် လိုဂိုပါရှိတဲ့
အင်္ကျီများသံဃာတော်များရှေ့တွင်ပဲ နာရေးအသင်းဥက္ကဌကိုပေးအပ် လှူဒါန်းခဲ့ပါတယ် ပြီးတော့ ကိုကြယ်သီးကနေတစ်ဆင့် ကိုကြယ်သီးတို့ နာရေးအဖွဲ့မှာ ပါဝင်လာတဲ့အတွက်ဂုဏ်ပြုတဲ့အနေနဲ့မလေးရှားမှာနေတဲ့ ကိုကျော်စွာ က နာရေးကူညီမှုအသင်းကို ဘတ်ငွေ ၁၀၀၀ လှူဒါန်းပါတယ် အဲသည်လို ကိုကြယ်သီးရဲ့ မိမိရပ်တည်နေရတဲ့အခြေနေထဲကကိုယ့်ရဲ့
သန့်ရှင်းတဲ့ပိုင်ဆိုင်မှုထဲကနေပြီး အစဉ်အလာမပျက် လှူမျှဝေ၍ ဆိုတဲ့ တမလွန်ဘ၀ကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့မိဘအတွက်
ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ် သတိတရအမျှအတန်းပေးဝေတာဟာ သားသမီးတိုင်းသိရမယ့်ရှိရမယ့်သားသမီးဝတ္တရားထဲက
တစ်ပါးပါးကိုကျေပြွန်စွာထမ်းရွက်တာပဲလို့ အသိအမှတ်ပြုမိပြီး ကျွန်တော်တို့နာရေးအဖွဲ့မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူသာဓုခေါ်မိကြပါတယ်ခင်ဗျာ။
အဖေ့ ဆုံဆည်
အဖေ့သီလ အကျင့် သိက္ခာ သမာဓိ
ဘာနဲ့ပဲကြည့်ကြည့် တိမှတိ ပိမှပိ ထိမှထိ
ရတက်မဖုံး တသက်လုံး
တန်ခိုးထွားထွားနဲ့ ရိုးသားနေတဲ့အဖေ
မိမွေ ဖမွေ ထိန်းဝေလို့ဆိုပါက အဖေ၏အာဟာရ
ကာလတွေအတွက်တည်ခင်း အဖေ့ပန်းကန်ပေါ်ကထမင်း…
ဖိုးရွှေလမင်းကြီးထံမှတောင်းသော ဆုံဆည် ဆက် ဆီ မဟုတ်
လက်ညာ လက်ယာဖြင့် ငါးဖြာအနန္တအတွက် စားဦးကိုချ မြင့်မြတ်ဒါန..
ဘ၀တစ်ခုလုံး..သူကျင့်သုံးသည်
အဖေ့ ဆုံ…ဆီ…………….။
သားတို့ညီ ညီမ လက်ဝယ် ‘ခ’ ဖို့
ပြည့်ဝန်းစန္ဒာ ၀ိုင်းစက်စွာလို
ရှင်းလင်းစွာကျွေး သမိုင်းရေးသည်…
အဖေ့ ‘ o” လုံး
စ , လယ် , ဆုံးပြီ……..
အဖေ့ တစ်နှစ်ပြည့်အမှတ်တရ……..
သား…..ကြယ်သီး