ပေါ်ပေါက်လာပုံ



နာရေးကူညီမှုအသင်း(မဲဆောက်)

နောက်ခံသမိုင်း

ရေကြည်ရာမြက်နုရာရှာရင်း ရရာအလုပ်ဖြင့်အသက်မွေးဝမ်းကြောင်းနေကြရသော မြန်မာနိုင်ငံသား ရွှေ့ပြောင်း အလုပ်သမားများ၏ ကြိုတင်တွက်ဆရက်ချိန်းမရနိုင်သော နာရေးကိစ္စများတွင် ၀မ်းနည်းကြေကွဲခြင်းများနှင့် အတူ ဆောင်ရွက်ကူညီကြရာမှ ပိုမိုထိရောက်စွာအကူအညီပေးနိုင်ရန်အတွက် လူမှုရေးအသင်းအဖွဲ့များနှင့် တဦးချင်းစိတ်ပါဝင်စားသူများစုစည်း၍ နာရေးကူညီမှုအသင်း(မဲဆောက်) ကို ၂၆-၄-၂၀၁၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည်။