ဆောင်ရွက်ချက်




ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် အနီးပါတ်ဝန်းကျင်တွင် လာရောက်လုပ်ကိုင်စားသောက်သူများ၏ နာရေးကိစ္စများ ပေါ်ပေါက် လာပါက နီးစပ်ရာလူမှုရေးအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလကူညီသူများမှ လိုက်လံဆောင်ရွက် ကူညီပေးခဲ့ကြပါသည်။ ထိုသို့ တဦးချင်း တဖွဲ့ချင်း အကူအညီပေးရာတွင် ရရှိလာသော အတွေ့အကြုံများ၊အားနည်းချက်အားသာချက်များကိုစုပေါင်းအဖြေရှာရင်းနာရေးကူညီမှုအသင်း(မဲဆောက်)ကို ဖွဲ့စည်းနိုင် ခဲ့ပါသည်။ လက်ရှိအသင်းမှ ကူညီဆောင်ရွက်ပေးနိုင်မှုများမှာ................


၁။ သေစာရင်းအတည်ပြုချက်ရယူပေးခြင်း
၂။ အသုဘရှင်၏အခြေအနေပေါ်မူတည်၍ခေါင်းဝယ်ယူ(သို့)အခမဲ့တောင်းခံပေးခြင်း
၃။ နာရေးဖိတ်ကြားလွှာများပြုလုပ်ပေးခြင်း
၎။ လိုအပ်ပါကဆွေမျိုးမိတ်သင်္ဂဟများထံသို့အကြောင်းကြားပေးခြင်း
၅။ ဈာပနပြုလုပ်မည့်ဘုန်းကြီးကျောင်းနှင့်သဂြိုလ်မည့်သုဿန်သို့ဆက်သွယ်                            ကူညီဆောင်ရွက်ပေးခြင်း
၆။ ဆွေမျိုးမိတ်သင်္ဂဟနည်းပါးသူဖြစ်ပါကမိမိတို့အဖွဲ့ဝင်များမှရုပ်အလောင်းထားရှိရာတွင်            စောင့်ကြပ်ကူညီပေးခြင်း
၇။ ထုံးတမ်းစဉ်လာအရ မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းပြကူညီဆောင်ရွက်ခြင်း
၈။ ရုပ်အလောင်းသယ်ဆောင်မည့်ယာဉ်နှင့် လိုက်ပါပို့ဆောင်မည့်ယာဉ်များ ရရှိရေး  ကူညီဆောင်ရွက်
ပေးခြင်း

ကွယ်လွန်သူ၏မိသားစုဝင်များသည်မြန်မာပြည်တွင်းမှလာရောက်ရသူများဖြစ်ပါက နေရာထိုင်ခင်းနှင့်
ခရီးလမ်းအဆင်ပြေစေရန်ကူညီဆောင်ရွက်ပေးခြင်း
၁၀။အကယ်၍ယာဉ်တိုက်မှု၊ခိုက်ရန်ဖြစ်ပွားမှုကဲ့သို့သောနာရေးကိစ္စများတွင် ရသင့်ရထိုက်သော နစ်နာကြေး ရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခြင်း

မှတ်ချက်
 ရန်ပုံငွေအခြေအနေအရ အမှန်တစ်ကယ်လိုအပ်သည့် ကိစ္စများအတွက်သာ စီစစ် အကူ အညီ ပေးနိုင်သေးသည်။