Monday, August 1, 2011

ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်။

နာရေးကူညီမှုအသင်း(မဲဆောက်)တွင် ဘဏ္ဍာရေးအခက်အခဲကြောင့် မြန်မာပြည်သားအလုပ်သမားများထံ အလှူခံရန် စာအိတ်များ (24/07/2011) နေ့တွင်စတင်ဖြန့်ဝေခဲ့ပါသည်။ အလှူရှင်များကို နာရေးကူညီမှုအသင်း(မဲဆောက်)မှ အထူးကျေးဇူးတင်ရှိပါသည်။  Type rest of the post here

3 comments:

မဲဆောက်ကနာရေးကူညီမှုအသင်းက ငွေကြေးအခက်အခဲကြောင့် လုပ်ငန်းတွေ အခက်အခဲရှိလို့ အလှူခံစာအိပ်တွေဝေတယ်ဆိုတော့ အရင်စလုပ်ကတည်းက ငွေကြေးကိစ္စကို ထည့်မတွက်ခဲ့ကြဘူးလား.. အတော်ဘဲ အမျှော်အမြင်ကြီးမားတဲ့အတွက် အလွန်ဘဲ လေးစားမိပါတယ်။ ကျနော်လည်း ခင်ဗျားတို့လို လူမှုရေးလုပ်ချင်လိုက်တာဗျာ လိုတဲ့ပိုက်ဆံကို သူများတွေဆီလိုက်တောင်း ပြီးတော့ခင်ဗျားတို့နာမည်ခံ ကောင်းလိုက်တဲ့ စီမံချက်တွေ ခင်ဗျားတို့လက်ထဲကို မြန်မာပြည်ကြီးကိုအပ်လိုက်ရင် နအဖ အစိုးရထက်ဆိုးတဲ့ နိုင်ငံတော်ကြီးဖြစ်လာမှာ သေချာတယ်ဗျာ။

အပေါ်ကဆရာရေ။ အောက်ကစာလေးဖတ်ကြည့်ပါအုန်း။
ဒါနဲ့များ ဘာဖြစ်လို့ နာရေးကူညီမှုလို့ အသင်းဖွဲ့ရသလဲဆိုတော့ ကိုယ့်ပတ်သက်ရာအတွင်း သေဖူးသူတွေမေးကြည့်ပါ။ လိုက်သေချင်စိတ်ပေါက်အောင် အောက်ပါအတိုင်း အလုပ်လုပ်ရပါတယ်။

ဆောင်ရွက်ချက်အဆင့်ဆင့်
၁။သေစာရင်းအတည်ပြုချက်ရယူပေးခြင်း
၂။အသုဘရှင်၏အခြေအနေပေါ်မူတည်၍ခေါင်းဝယ်ယူ(သို့)အခမဲ့တောင်းခံပေးခြင်း
၃။နာရေးဖိတ်ကြားလွှာများပြုလုပ်ပေးခြင်း
၎။လိုအပ်ပါကဆွေမျိုးမိတ်သင်္ဂဟများထံသို့အကြောင်းကြားပေးခြင်း
၅။ဈာပနပြုလုပ်မည့် ဘုန်းကြီးကျောင်းနှင့် သဂြိုလ်မည့်သုဿန်သို့ဆက်သွယ် ကူညီဆောင်ရွက် ပေးခြင်း
၆။ဆွေမျိုးမိတ်သင်္ဂဟနည်းပါးသူဖြစ်ပါက မိမိတို့အဖွဲ့ဝင်များမှ ရုပ်အလောင်းထားရှိရာတွင် စောင့်ကြပ် ကူညီပေးခြင်း
၇။ထုံးတမ်းစဉ်လာအရ မဖြစ်မနေဆောင်ရွက်ရမည့်ကိစ္စရပ်များကို ရှင်းပြကူညီဆောင်ရွက်ခြင်း
၈။ရုပ်အလောင်းသယ်ဆောင်မည့်ယာဉ်နှင့် လိုက်ပါပို့ဆောင်မည့်ယာဉ်များရရှိရေး ကူညီဆောင်ရွက် ပေးခြင်း
၉။ကွယ်လွန်သူ၏မိသားစုဝင်များသည် မြန်မာပြည်တွင်းမှလာရောက်ရသူများဖြစ်ပါက နေရာထိုင်ခင်း နှင့် ခရီးလမ်းအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးခြင်း
၁၀။အကယ်၍ယာဉ်တိုက်မှု၊ခိုက်ရန်ဖြစ်ပွားမှုကဲ့သို့သောနာရေးကိစ္စများတွင် ရသင့်ရထိုက်သော နစ်နာကြေး ရရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ညှိနှိုင်းဆောင်ရွက်ပေးခြင်း စသဖြင့် ဆောင်ရွက်ပေးရပါတယ်။

လူမှုရေး လုပ်ချင်ရင်လာခဲ့လေ။ ဆက်သွယ်ရန်ဖုန်းနံပါတ်တွေရာ အီးမေးလ်ရော ပေးထားတယ်။ ကိုယ့်ထဲက တယောက်ယောက် အကူအညီလိုလဲပြောပါ။ အာဃာတ မထားပါဘူး။

Post a Comment