မစိုးစိုးမော်
အသက် (၃၄) နှစ်
ယာဉ်တိုက်မှု
ကွယ်လွန်သည့်နေ့ = 26/09/2010
မစည်ကားအပ်သော အရပ်၊ မပတ်သက်ချင်သောနေရာတွေလို့ ဘိုးဘွားစဉ်ဆက် ပြောစမှတ်ပြုခဲ့တဲ့ ဆေးရုံ၊ ရဲစခန်း(သို့) တရားရုံး နှင့် သုဿန်.....။ ဒါပေမယ့် မစိုးစိုးမော်ကတော့ အဲဒီနေရာအားလုံးကို တပြိုင်နက်တည်း ရင်ဆိုင်လိုက်ရပါပြီ။
ကျန်ရစ်သူခင်ပွန်းနဲ့ လူမမယ် သမီးလေးနှစ်ယောက်အတွက် ဘယ်လောက်ပဲ စိတ်မချပေမယ့် လောကဓံတရားတွေထဲမှာမှ အဆိုးလေးပါးနဲ့ ရေစက်မကုန်လေတော့.....။

ဘယ်လိုဘဲဖြစ်ဖြစ် ဝမ်းနည်းကြေကွဲမှုတွေကိုဘေးဖယ် သွားလေသူအတွက် နောက်ဆုံးခရီး ပြီးစီးအောင်ဆောင်ရွက်ဖို့က နာရေးကူညီမှုအသင်း(မဲဆောက်)မှာ ရောက်လာပြန်တာပေါ့။ ထုံးစံအတိုင်း ကျောင်းကြီးမှာ အသုဘရှုဖို့ပြင်ဆင်အပ်နှံ၊ ၂၈ရက်နေ့မှာ ဘန်းနူရာ သုဿန်မှာကောင်းမွန်စွာ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ကြပါတယ်။ အော် ဒီနေ့မှ မိုးတွေကလည်းသည်းလိုက်တာ။ ဖြစ်လေရာဘဝမှာ ဒီလိုအဖြစ်ဆိုး ထပ်မတိုးပါစေနဲ့ စိုးစိုးမော်(ကံဆိုးမ)ရယ်လို့ ဆုတောင်းရင်း.......။