Monday, October 18, 2010

အနုဇာတ မွေခံထိုက်သူ

ကျွေးမွေးမပျက်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ် ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။(၁) ကျွေးမွေးမပျက် ဟူသည် အသက်အရွယ်ကြီးရင့်သွားသော မိဘတို့အား သား၊ သမီးတို့က တုံ့လှည့်တစ်ဖန်ကျွေးမွေး၊ စောင့်ရှောက်ရမည်ဟု ဆိုလိုပါသည်။
(၂) ဆောင်ရွက်စီမံ ဟူသည် အသက်အရွယ်ကြီးသွားသော မိဘနှစ်ပါးတို့၏ ကိုယ်စား စီးပွားရေး၊ လူမှု့ရေး၊ သာသနာရေး စသော ကိစ္စကြီးငယ်အသွယ်သွယ် တို့ကို သားသမီးတို့က စီမံဆောင်ရွက်တာဝန်ယူရမည်ဟု ဆိုလိုသည်။
(၃) မွေခံထိုက်စေ ဟူသည် မိဘတို့၏ ကောင်းမွန်သော အမွေအနှစ်တို့ကို ဆက် လက်ခံယူနိုင်အောင် အရည်အချင်းနှင့် ပြည့်စုံရမည်ဟု ဆိုလိုသည်။
(၄) လှူမျှဝေ၍ ဟူသည် တမလွန်ဘ၀သို့ ကွယ်လွန်ပြောင်းရွှေ့သွားကြသော မိဘ တို့အားရည်စူး၍ ကုသိုလ်ကောင်းမှု ပြုလုပ်ကာ သတိတရ အမျှအတန်းပေးဝေရမည်ဟု ဆိုလိုသည်။
(၅) စောင့်လေမျိုးနွယ် ဟူသည် မိမိတို့၏ မျိုးရိုးစဉ်လာတို့ကို ထိန်းသိမ်းစောင့် ရှောက်ရမည်ဟု ဆိုလိုသည်။ စောင့်လေမျိုးနွယ်းဆိုရာတွင် မိမိတို့မျိုးဆွေမျိုးသားချင်း အစဉ်အလာ၊ မျိုးရိုးဂုဏ်ထက် ဗုဒ္ဓဘာသာဝင် ဟူသောမျိုးရိုးဂုဏ်ကို စောင့်ထိန်းရပါမည်။

မနေ့ကအောက်တိုဘာ (၁၅) ရက်နေ့မှာ ကျွန်တော်တို့ နာရေးကူညီမှုအသင်း(မဲဆောက်)မှအဖွဲ့ဝင်ဖြစ်ကြတဲ့အောင်မြင်တဲ့



ပြည်သူချစ်တဲ့အနုပညာရှင်များဖြစ်တဲ့ သီးလေးသီးအငြိမ့်အဖွဲ့မှကိုကြယ်သီး၏ ချစ်လှစွာသော ဘခင်ကြီး ဦးသန်းစိန်(ခ) ဦးသန်းကျော်ဦး (စန္ဒာဦးယဉ်ကျေးမှု ကဇာတ်) ကွယ်လွန်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အဖြစ် ကွယ်လွန်သူဘခင်ကြီးအား ရည်စူး၍ ဘုရားအမှူးရှိသော သံဃာတော်(၅)ပါးကို ဆွမ်းကပ်လှူဒါန်း ခြင်းကို မိတ်ဆွေကောင်း စာကြည့်တိုက်တွင် ပြုလုပ်ခဲ့ပါတယ် ဆွမ်းကပ်ပြီးတော့ ကိုကြယ်သီးက နာရေးအဖွဲ့ကို နာရေးတံဆိပ် လိုဂိုပါရှိတဲ့


အင်္ကျီများသံဃာတော်များရှေ့တွင်ပဲ နာရေးအသင်းဥက္ကဌကိုပေးအပ် လှူဒါန်းခဲ့ပါတယ် ပြီးတော့ ကိုကြယ်သီးကနေတစ်ဆင့် ကိုကြယ်သီးတို့ နာရေးအဖွဲ့မှာ ပါဝင်လာတဲ့အတွက်ဂုဏ်ပြုတဲ့အနေနဲ့မလေးရှားမှာနေတဲ့ ကိုကျော်စွာ က နာရေးကူညီမှုအသင်းကို ဘတ်ငွေ ၁၀၀၀ လှူဒါန်းပါတယ် အဲသည်လို ကိုကြယ်သီးရဲ့ မိမိရပ်တည်နေရတဲ့အခြေနေထဲကကိုယ့်ရဲ့
သန့်ရှင်းတဲ့ပိုင်ဆိုင်မှုထဲကနေပြီး အစဉ်အလာမပျက် လှူမျှဝေ၍ ဆိုတဲ့ တမလွန်ဘ၀ကိုပြောင်းရွှေ့သွားပြီဖြစ်တဲ့မိဘအတွက်
ရည်စူးပြီး ကုသိုလ်ကောင်းမှုလုပ် သတိတရအမျှအတန်းပေးဝေတာဟာ သားသမီးတိုင်းသိရမယ့်ရှိရမယ့်သားသမီးဝတ္တရားထဲက
တစ်ပါးပါးကိုကျေပြွန်စွာထမ်းရွက်တာပဲလို့ အသိအမှတ်ပြုမိပြီး ကျွန်တော်တို့နာရေးအဖွဲ့မှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူသာဓုခေါ်မိကြပါတယ်ခင်ဗျာ။

အဖေ့ ဆုံဆည်
အဖေ့သီလ အကျင့် သိက္ခာ သမာဓိ
ဘာနဲ့ပဲကြည့်ကြည့် တိမှတိ ပိမှပိ ထိမှထိ
ရတက်မဖုံး တသက်လုံး
တန်ခိုးထွားထွားနဲ့ ရိုးသားနေတဲ့အဖေ
မိမွေ ဖမွေ ထိန်းဝေလို့ဆိုပါက အဖေ၏အာဟာရ
ကာလတွေအတွက်တည်ခင်း အဖေ့ပန်းကန်ပေါ်ကထမင်း…
ဖိုးရွှေလမင်းကြီးထံမှတောင်းသော ဆုံဆည် ဆက် ဆီ မဟုတ်
လက်ညာ လက်ယာဖြင့် ငါးဖြာအနန္တအတွက် စားဦးကိုချ မြင့်မြတ်ဒါန..
ဘ၀တစ်ခုလုံး..သူကျင့်သုံးသည်
အဖေ့ ဆုံ…ဆီ…………….။
သားတို့ညီ ညီမ လက်ဝယ် ‘ခ’ ဖို့
ပြည့်ဝန်းစန္ဒာ ၀ိုင်းစက်စွာလို
ရှင်းလင်းစွာကျွေး သမိုင်းရေးသည်…
အဖေ့ ‘ o” လုံး
စ , လယ် , ဆုံးပြီ……..

အဖေ့ တစ်နှစ်ပြည့်အမှတ်တရ……..
သား…..ကြယ်သီး

0 comments:

Post a Comment