Monday, August 30, 2010

ဝိမုတ္တိသုခစေတီတော်

ကုသိုလ်ပြုနိုင်ကြပါသ...

Sunday, August 29, 2010

No rule and don't care!

အိပ်ရာဝင်တုန်းက အသံပိတ်ထားတဲ့လက်ကိုင်ဖုန်းရဲ့တုန်ခါမှုကြောင့် စောစောစီးစီးလန့်နိုးလာတယ်။ အိပ်မှုံစုံမွှားနဲ့ပြန်ဖြေလိုက်တော့ အရှည်ကြီးရဲ့အသံဝါဝါကြီးနဲ့ "အကိုရေ ကျောင်းသားဆေးခန်းမှာ တစ်ယောက်ဆုံးသွားလို့ အကူအညီတောင်းလာတယ်" ဆိုတာကြောင့် "အေးကွာ မင်းအရင်သွားနှင့်လိုက်၊ နာရေးအကူအညီတောင်းခံလွှာယူသွားပြီး လက်ခံထားနှင့်" ဆိုပြီး ကတိုက်ကရိုက် ထရတာပေါ့။ မျက်နှာသစ်လို့မှမပြီးသေး မြည်ပြန်ပြီ ခေတ်မှီ ခလောက်သံ။ အိပ်ရေးမဝလို့ တိုချင်ချင်စိတ်ကိုထိန်းရင်း(ဘယ်တိုရဲမလဲ...

Thursday, August 26, 2010

သေခြင်းတရား

۩۩۩သေခြင်းတရားအကြောင်းပြောဆိုတာလောက်မင်္ဂလာရှိတာလောကမှာမရှိတော့ပါဘူး။သေခြင်းတရားအကြောင်းတွေးတောခြင်းဟာလည်းလောကမှာကျက်သရေအရှိဆုံးပါပဲ။ဘာလို့လဲဆိုတော့ သေခြင်းတရားကိုအမှတ်ထင်ထင်သတိရနေမှသာမသေခင်အခိုက်အတန့်ကာလလေးကိုလုပ်သင့်လုပ်ထိုက်တဲ့အလုပ်အလုပ်သင့် အလုပ်ထိုက်ဆုံးအလုပ်တွေနဲ့တန်ဖိုးရှိရှိအသုံးချသွားနိုင်မှာဖြစ်လို့ပါပဲ။۩۩۩အလုပ်ပိုတွေအကာအလုပ်တွေကိုအတတ်နိုင်ဆုံးရှောင်ရှားပြီးအလုပ်လိုတွေအနှစ်အလုပ်တွေကိုအစွမ်းနိုင်ဆုံးဆောင်ပွားနိုင်ဖို့သေခြင်းတရားကိုမဖြစ်မနေသတိရသင့်ပါတယ်။۩۩۩သေခြင်းတရားကိုသတိရအောက်မေ့တာသေခြင်းတရားကိုဆင်ခြင်ပွားများတာဟာစိတ်ညစ်ဖို့၊ စိတ်ဓါတ်ကျဖို့မဟုတ်ပါဘူးစိတ်ခိုင်ဖို့၊...

ငြိမ်းချမ်းပါစေ ဆရာ

သံသရာတစ်ကွေ့မှာတစ်ဘ၀စာနားခိုရာအတွက် သာတူညီမျှပိုင်ဆိုင်စရာ ၄ ပေ ၆ ပေဖုန်းဆိုးမြေတစ်ကွက် ဘောင်မခတ်ပေမဲ့တိကျတဲ့အပိုင်းအခြားလူတန်းစားမရွေး ငြိမ်းချမ်းအေးစေသစ္စာမြေ လေးစားရတဲ့ဆရာတစ်ယောက်တော့မနက်စောစောပိုင်းမှာဆုံးသွားတဲ့အကြောင်း ဖုန်းလာတယ် ဥက္ကဌ ကတော့အစောကြီးသွားလိုက်ပြီ ဥပုသ်နေ့မို့လို့ ဒီနေ့မွန်းလွဲ(၂)နာရီမှာတစ်ခါတည်း သင်္ဂြိုလ်မယ် ဆိုလို့အဖွဲ့ဝင်တွေကိုအဆက်အသွယ်လုပ်ပြီး ဆရာကြီးရဲ့နေအိမ်ကိုသွားကြပါတယ်အိမ်ရောက်တော့...

Wednesday, August 18, 2010

ကျော်သူ၏ တဒင်္ဂလေးမှ အစဉ်ထာဝရသို့

နေ့စဉ် နေ့တဓူဝ နာရေးကိစ္စများ၊ ဆေးဝါးကုသပေးခြင်း ကိစ္စများ၊ လူမှုရေးကိစ္စရပ်များ၊ အသင်းသူ/သား၊ ၀န်ထမ်းများရဲ့ လူမှုရေးပြဿနာများ၊နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ဆက်ပြီး ပေးဆပ်မှုလုပ်ငန်းစဉ်များ စသည်တို့နှင့် မွန်းကြပ်နေမှုတို့သည် ကြာမြင့်လှပြီ ဖြစ်သည်။ စိတ်ပြေလက်ပျောက် စိတ်ကိုအနားပေးရန် ဘာသာရေးကျင့်စဉ်တို့နှင့် ကျင့်ကြံရန် ရည်ရွယ်၍ ကျွန်တော် သွားလာခွင့်ရှိသော မြန်မာပြည်တွင်း ရက်အနည်းငယ်မျှ ခရီးထွက်ခဲ့သော်လည်း ကိုယ်စိတ် နှလုံး အနားရသည်မရှိ။ ခရီးထွက်စဉ် ကာလအတွင်း တွေ့ကြုံခဲ့ရသော လူမှုရေးလုပ်ငန်းများထဲ၌သာ အကျွမ်းတ၀င် နွံနစ်ခဲ့ရသည်။တစ်နေ့ကဖြစ်သည်။ စိတ်ဖိစီးမှု၊...

Tuesday, August 17, 2010

အလုပ်သမားအရေး ဝိုင်းဆွေးနွေး

ယနေ့(17-08.2010) ရက်နေ့ မနက်(၀၉း၃၀)နာရီအချိန်မှာ အဝေးရောက်ဧရာဝတီအသင်းတွင် ရွှေ့ပြောင်းအလုပ်သမားများနှင့် ပါတ်သက်သည့်အရေးကိစ္စများကို ပိုမိုထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲတစ်ခု ပြုလုပ်ခဲ့ပါသည်။မိမိတို့နာရေးကူညီမှုအသင်းအဖွဲ့ဝင်များအပြင်၊ MAP ဖောင်ဒေးရှင်း၊ ရောင်ခြည်ဦးအလုပ်သမားအဖွဲ့၊ ဥတ္တမဖောင်ဒေးရှင်း၊ မြန်မာအလုပ် သမား များ ကွန်ယက်၊ ရခိုင်အလုပ်သမားသမဂ္ဂ၊ အဝေးရောက်ဧရာဝတီအသင်း၊ လူ့ဘောင်သစ်ပါတီ၊ အလုပ်သမားကိုယ်စားလှယ်များနှင့် MAP ဖောင်ဒေးရှင်းမှ သုတေသနအရာရှိ မစ္စတာ ဂျက်(ဖ်) တို့တက်ရောက်ကြပါသည်။ ရှေးဦးစွာ တစ်ဦးတစ်ယောက်ချင်း မိတ်ဆက်ကြ၍...

Tuesday, August 10, 2010

ပြန်ဆုံခြင်းကောင်း

မနေ့ကအသိတစ်ယောက်ကသူ့ရုံးကကွန်ပြူတာဗွေဖေါက်နေလို့ လာကြည့်ပေးပါဦးဆိုလို့ လုပ်လက်စတွေဒီတိုင်းပဲ ထားခဲ့ ပြီး အဲဒီရုံးဘက်ရောက် သွားတယ်ဟိုရောက်တော့လဲရောက်ရောက်ချင်းပဲ ဂျီမေး ၀င်ထားလိုက်တယ်။ တစ်ယောက်ယောက်မေးလ်ပို့ ဖိုင်ပို့ အဆက်အသွယ်လုပ်လာရင် မသိလိုက်မှာစိုးလို့ ထင်တဲ့အတိုင်းပဲ အလုပ်လုပ်နေလို့ သိပ်မကြာပါဘူး တစ်ဘက်ကနေဂျီတော့ခ်နဲ့စာရိုက်လာတယ်။ လူတစ်ယောက် ဆက်သွယ်လာလို့တဲ့ ကိုရန်က လှမ်းပြော တာ ကျွန်တော်ကစက်ဖွင့်ခဲ့တာကိုး လူတစ်ယောက်က အသင်းအကြောင်းလှမ်းမေးတယ်တဲ့သူကရှင်းပြရတယ် အသင်းရဲ့ ဆောင်ရွက်ချက်အဆင့်ဆင့်နဲ့တစ်ဘက်ကသိချင်တာအကုန်လုံးပေါ့ အဲဒါနဲ့အဲဒီပုဂ္ဂိုလ်ကကျွန်တော်အလှူငွေထည့်ချင်တယ်...

Sunday, August 8, 2010

တပါတ်စာဆိုပါတော့

(၃-၈-၂၀၁၀)ရက်နေ့က ယာဉ်တိုက်မှုဖြစ်တယ်ဆိုပြီးဖုန်းဆက်လာတော့ကမန်းကတန်းလုပ်လက်စအလုပ်ကလေးတွေ ဖြတ်ပြီးတော့ ဆေးရုံဘက်ရောက်ခဲ့တယ် ဖြစ်စဉ်ကတော့ ဆိုင်ကယ်နဲ့ကားနဲ့တိုက်မိတာပါ ဆိုင်ကယ်မှာကလူနှစ်ယောက်စီးတာရှေ့ကမောင်းတဲ့တစ်ယောက်က သိပ်မဆိုးရွားပေမယ့် နောက်တစ်ယောက် ကအခြေအနေမကောင်းဘူး နောက်နေ့မနက်ကျတော့ဆုံးသွားပြီတဲ့လေ ဆိုင်ကယ်နောက်မှာစီးတဲ့တစ်ယောက် ပေါ့။ အမည်က မောင်လင်းလင်း၊အသက်(၂၀)ပဲရှိသေးတယ်နှမြောစရာပေါ့ဗျာအရွယ်ခပ်ငယ်ငယ်ဘဲရှိသေးတာ...

ကျော်သူ၏ “ဇွတ်”

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သြဂုတ်လ လပါတ်အစည်းအဝေးအား ၁.၈.၂၀၁၀ (တနင်္ဂနွေ) နေ့တွင် ကျင်းပခဲ့ရာ အမှုဆောင်များ၊ ကော်မတီဝင်များ၊ အသင်းသူ/သားများ တက်ရောက်ခဲ့ကြသည်။ ယင်း အစည်းအဝေးတွင် နမောတဿ (၃) ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ အမှာစကားပြောကြားခြင်း၊ တွဲဖက် အတွင်းရေးမှူး ဦးဇင်ထွန်းအောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်တို့မှ အသင်း၏ ရှေ့ဆက်လုပ် ဆောင်ပေးဆပ်ရမည့် လုပ်ငန်းစဉ်များ၊ အသင်းသူ/သားများ လိုက်နာရမည့် စည်းကမ်းများနှင့် သီလလုံရန် ကိစ္စရပ်များကို ပြောကြားခဲ့ကာ၊ အသင်းသူ/သားများထံမှ တွေ့ကြုံ...

Saturday, August 7, 2010

ကျွန်တော်တို့နှင့်ဆက်သွယ်ပါ

...