အလုပ်ကိုပဲ အကြောင်းပြပြီး ဘလော့ဂ်ကို လှည့်မကြည့်ဖြစ်တာတော့ မဟုတ်ပါဘူး။ ကြေကွဲစရာတွေကို စာလုံးအဖြစ်ပြောင်းရတာ တခါတခါမှာအရမ်းခက်တဲ့ အလုပ်ဖြစ်လာလေတော့ ၈ရက်နေ့ကတည်းက ရေးမယ့်ပို့စ်ကို အခုမှ စိတ်ဒုံးဒုံးချရေးလိုက်ရပါတယ်။ ဘယ်လောက်ပဲစိတ်ခိုင်ပါစေ မိမိနဲ့ နီးစပ်သူတွေရဲ့နာရေးနဲ့ ပါတ်သက်လာရင် တည်ငြိမ်အောင်မထိန်းနိုင်ကြတော့ပါဘူး။ ဘယ်ဟာကို အရင်စလုပ်မလဲ မခွဲခြားနိုင်ပဲ ဖြစ်ကြတာဓမ္မတာပဲဆိုတော့ နာရေးရှင်များကိုလဲ အပြစ်မတင်ရက်ပါ။ အခုလဲ နေ့လည်ပိုင်းကတည်းက ကားအက်ဆီးဒင့်ကြောင့်မဲဆောက်ဆေးရုံကြီးရောက်ပြီး ၂နာရီလောက်မှာ ဆုံးသွားတဲ့ မောင်သန့်ဇော်ဦး (၁၆ နှစ်)ရဲ့ ရုပ်အလောင်းကို...